ဆိုင်ကယ်မုန်း(1)
ဆိုင်ကယ် မုန်းသော အညာသူ ( အပိုင်း ၁ )
( ယခုဇာတ်လမ်းသည် စိတ်ကူးယဉ်သက်သက်မျှသာဖြစ်၍ လက်တွေ့ အဖြစ်တရား အရှိတရား တို့ဖြင့် ကင်းကွာကွဲလွဲနေနိုင်သည် ဖြစ်ကြောင်း ဦးစွာအသိပေးအပ်ပါသည်။)
အမြင့်ကြောက်သော ငှက်
" ဘလုတ်တုတ် ဘလုတ်တုတ် ဘလုတ်တုတ်
ရွီး ရွီး ရွီး
ဘုတ် ဘုတ် ဘုတ် ဘုတ် ဘုတ်
ဖရူး ဖရူး ဖရူး "
လမ်းမပေါ်တွင် ယောက်ျားစီးဆိုင်ကယ် အကြီးအငယ်မျိုးစုံ ဆယ်စီးခန့် အရှိန်ခပ်ပြင်းပြင်း ဖြတ်သန်းမောင်းနှင်သွားလေသည်။
" လာ လာ မောင်လေး လမ်းမဘက်မထွက်နဲ့ တော်ကြာတိုက်မိသွားဦးမယ် "
မိုးစက်ဝေလည်း လမ်းမနဘေးတွင်ရပ်နေသည့် မောင်ငယ်ကို စိုးရိမ်စွာ သတိလှမ်းပေးလိုက်မိလေသည်။ မောင်ငယ် ကောင်းပြည့်လေးမှာတော့ အစ်မဖြစ်သူ၏ ပြောစကားကိုနားဝင်ဟန်မရှိဘဲ ဖြတ်သန်းသွားသည့် ဆိုင်ကယ်ကြီးများကိုသာ အားကျသောအကြည့်တို့ဖြင့် မျက်စိတစ်ဆုံးလိုက်လံ ငေးမောနေလေ၏။
သူမတို့ ချော့တော်မျက်ပြေ ရွာသည် ပုဂံနှင့် ပုပ္ပါး ဆက်သွယ်ထားသည့်လမ်းမနဘေးတွင် တည်ရှိသော်လည်း အညာဒေသဖြစ်သဖြင့် အတော်အတန်ပင် ကားဆိုင်ကယ်အသွားအလာကျဲပါးလှပေ၏။ သို့သော် ယခု တစ်နှစ် နှစ်နှစ်အတွင်းတွင် မည်သို့ဖြစ်သည်မသိ၊ ယောက်ျားစီးဆိုင်ကယ်ကြီးများ အုပ်လိုက်ဆိုသလို မကြာခဏဖြတ်သန်းသွားလာခြင်းကို သူမတို့ တွေ့မြင်လာကြရလေသည်။
ယခုလည်း ပုဂံတွင် ဆိုင်ကယ်ပွဲရှိသည်ဟု သူမတို့ ကြားသိထားရလေသည်။ ဆိုင်ကယ်ပွဲဆိုသည်မှာ မည်သို့မည်ပုံ သူမတို့သေခြာမသိကြသော်လည်း၊ ထိုအချိန်များ၌ ဆိုင်ကယ်ကြီးများ ယောက်ယက်ခပ်သွားလာကြသည်ကတော့ အမှန်ပင်။
ထိုအခါ ရွာခံ ယောက်ျားလေး ယောက်ျားငယ်များမှာ အနှီဆိုင်ကယ်ကြီးများအား ဘဝင်ခွေ့ကာ လိုက်လံငေးမောလေ့ရှိကြလေသည်။ လူကြီးသူမများနှင့် မိုးစက်ဝေ တို့လို မိန်းမသားအများစုမှာတော့ ၎င်းတို့ကို အာရုံပင်နောက်မိကြသေးပေ၏။ ၎င်းတို့လာလျှင် ဆူညံ၏၊ ဖုန်ထ၏၊ လမ်းမပေါ်တွင် သွားလာစရာရှိပါက ၎င်းတို့ကို သတိပြုနေရ၍ အသွားအလာမလွတ်လပ်။
၎င်းတို့၏ ပုံသဏ္ဍာန်များမှာလည်း လမ်းသရဲများကဲ့သို့ ဆံပင်ရှည်များဖြင့်၎င်း၊ ထောင်ထွက်များကဲ့သို့ ဂတုံးကေများဖြင့်၎င်း၊ သူခိုးဓားပြများကဲ့သို့ မျက်နှာအုပ်ခေါင်းစွပ် စသည်တို့ဖြင့်၎င်း. . စသကဲ့သို့ သရုပ်ပျက်ကြမ်းတမ်းကာ ပုံးပန်းမကြနလှ။ မိုးစက်ဝေ၏ မျက်စိထဲ နားထဲတွင်တော့ အနှီဆိုင်ကယ်စီးပုဂ္ဂိုလ်ကြီးများသည် ကိုးလိုးကန့်လန့်သာ အစဉ်ဝင်ရောက်လျှက်ရှိလေတော့၏။
မိုးစက်ဝေ ဆိုင်ကယ်သမားများအကြောင်းတွေးတောရင်း ခရေပန်းကောက်ခြင်းကို လက်စသတ်လိုက်လေသည်။ သူမတို့အိမ်နှင့် ခရေပင်ကြီးမှာ လမ်းပင်ခြားသဖြင့် မနက်တိုင်းလိုလို မောင်နှမနှစ်ယောက် ပန်းကောက်ထွက်ကာ ဘုရားပန်းကပ်ကြစမြဲ။ သူမအသက် ၁၁ နှစ် မောင်လေးကောင်းပြည့်အသက် ၇ နှစ် ခန့်ကတည်းက စလုပ်ခဲ့သော ထိုလုပ်ရိုးလုပ်စဉ် ဝတ္တရားတစ်ခုသည် ယခု သူမ အသက် ၁၈ နှစ်နှင့် မောင်လေး၏အသက် ၁၄ နှစ်သို့ တိုင်ခဲ့ကြလေပြီ။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဆွေမျိုးသားချင်းတွေသာ ရှိသောကြောင့် သားနှင့်သမီး ကောင်းရာ ကောင်းမှုပြုလုပ်ကြသည်ကို မိဘများကလည်း စိတ်ချလက်ချခွင့်ပြုထားကြလေ၏။
" မ မ ပြီးပြီလား. .ပြီးရင်ပြန်ကြမယ်။ အေးတယ် မ မရဲ့ "
" ပြီးပါပြီ မောင်လေးရဲ့... "
မောင်ငယ် ကောင်းပြည့်၏ လောဆော်မှုကြောင့် ခရေပန်းဗန်းလေးကိုမကာ မောင်ငယ်လေးထံသို့ မိုးဆက်ဝေ မှန်မှန်လျှောက်ခဲ့လိုက်လေသည်။
ထိုအခါ ၎င်းထံသို့ အစ်မဖြစ်သူလျှောက်လာကြောင်းသိရှိသွားသော ကောင်းပြည့်လေးသည် မိုးစက်ဝေကိုမစောင့်ဘဲ
" မ မ လိုက်ခဲ့တော့။ မောင်လေးသွားနှင့်ပြီ "
ဟု အော်ပြောကာ ကားလမ်းကူး၍ အိမ်ဘက်သို့ပြန်ပြေးလေတော့၏။ မိုးစက်ဝေ တားချိန်မရလိုက်။
" ဘုတ် ဘုတ် ဘုတ် ဘုတ် ဘုတ် "
အရှိန်ခပ်ပြင်းပြင်းမောင်းလာသော ဆိုင်ကယ်တစ်စီး။
" မောင်လေး... မောင်လေး. . ဆိုင်ကယ် ဆိုင်ကယ်. . "
မိုးစက်ဝေ၏ အထိတ်တလန့်အော်ဟစ်သတိပေးသံ။
" ကျွီ . . . "
ဆိုင်ကယ် ဘရိတ်ဖမ်း၍ တာယာနှင့် လမ်းမ ပွတ်တိုက်သည့် မည်သံရှည်။
မိုးစက်ဝေ နောက်ဆုံးမြင်လိုက်ရသည်ကား ကားလမ်းမပေါ်မှ လမ်းလွဲ၍ သူမထံသို့ ဦးတည်လာနေသည့် ဆိုင်ကယ်မီးရောင် တဝင်းဝင်း။
မိုးစက်ဝေ စိတ်ဒုန်းဒုန်းချလိုက်လေပြီ။ သူမ၏မောင်လေးကို ဆိုင်ကယ်မတိုက်မိတော့။ နှီးဗန်းလေးတစ်ခု လေတွင်လွင့်ပျံသွားပြီး ခရေပန်းလေးများ မြေတွင်ပြန့်ကျဲသွားခြေပြီတကား။
အမြင့်ကြောက်သော ငှက်
ချော့တော်မျက်ပြေရွာ ကားလမ်းနဘေးတွင် ဦးအောင်လှနှင့် ဒေါ်မယ်ဝေ တို့သမီးလေး မိုးစက်ဝေ တစ်ယောက် ခရေပန်းကောက်ရင်း ဆိုင်ကယ်တိုက်ခံရကာ အကြောင်းမလှစွာ မြေနှင့်ဦးခေါင်းရိုက်လျှက် ပွဲခြင်းပြီးသေဆုံးပြီးနောက် တစ်နှစ်ခန့်အကြာတွင် အနှီခရေပင်ကြီး၌ နတ်ကွန်းတစ်ခုပေါ်ပေါက်လာလေတော့သည်။
အကြောင်းမှာ ထိုးနားမှဖြတ်သန်းသွားလာလျှင် စက်ဘီးနှင့် ဆိုင်ကယ်အသေးများ အန္တရယ်မရှိကြသော်လည်း ခရီးသွားဆိုင်ကယ်ဘီးကြီးများ မကြာခဏ တိမ်းမှောက်လေ့ရှိခြင်းကြောင့်ဖြစ်လေ၏။ မှောက်လျှင် သေလောက်အောင်တော့ မဖြစ်ကြ။ လက်ကျိုး၊ သွားကျိုး၊ ခေါင်းကွဲ၊ ရင်ဘတ်အောင့် စသဖြင့် ဒဏ်ရာကိုယ်စီရလေ့ ရှိကြလေသည်။
ကြာသော် ရွာခံများကပါ စိုးရိမ်မကင်းဖြစ်လာကြပြီး မိုးစက်ဝေအတွက် ဆွမ်းသွပ်ခြင်း၊ တရားနာခြင်း၊ အမျှဝေခြင်း၊ ပရိတ်ရွတ်ခြင်း စသည်တို့ကို အကြိမ်ကြိမ်အခါခါ ဆောင်ရွက်ကြလေသည်။ သို့သော် အခြေအနေက ထူးခြားမလာဘဲ ခရီးသွားဆိုင်ကယ်ဘီးကြီးများဆိုလျှင် တစ်ခုမဟုတ်တစ်ခု ပြသနာတက်နေဆဲ ဖြစ်သောကြောင့် အားလုံးကြံရာမရဖြစ်ကြရကုန်၏။
နောက်ဆုံးတွင် ရွာရှိ နတ်ကတော်စိန်သောင်းက . . မိုးစက်ဝေသည် အစိမ်းသေသေခဲ့ခြင်းဖြစ်သော်လည်း နေ့စဉ် ခရေပန်းကောက်ကာ ဘုရားပန်းကပ်လှူခဲ့သော ကုသိုလ်ကြောင့် မကောင်းဆိုးရွား နာနာဘာဝအဆင့်သို့ကြရောက်ခြင်းမရှိကြောင်း၊ ထို့ကြောင့် သူမကို ပရိတ်ရွတ်ကာ မောင်းထုတ်၍ မရခြင်းဖြစ်ကြောင်း၊ ထို့အတူ သူမ မကြေနပ်သည့် အခဲမကြေသည့် တစ်စုံတစ်ဦး သို့မဟုတ် ကိစ္စတစ်ခုခု ရှိနေသေးသဖြင့် သာဓုခေါ်ပြီး လွတ်ရာကျွတ်ရာအထက်ဘုံများသို့သွားရန်လည်း နှောင့်နှေးနေသေးကြောင်း၊ ထို့ကြောင့် သူမဆုံးပါးခဲ့သည့် ခရေပင်ကြီးတွင် သူမကိုရည်စူး၍ နတ်ကွန်းတစ်ခုဆောက်လုပ်ကာ ရွာသူရွာသားများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းဝေစေရန် ပူဆော်ပသခြင်းသည်သာလျှင် အကောင်းဆုံးနီးလမ်းဖြစ်ကြောင်း. . စသဖြင့်ဟောပြောသဖြင့် ရွာသူရွာသားအပေါင်းတို့လည်း ခရေပင်ကြီး၌ နတ်ကွန်းတည်ခဲ့ကြရခြင်း ဖြစ်လေသည်။
နတ်ကတော်စိန်သောင်း၏ဖြေဆေးမှာ အလုပ်ဖြစ်သည်ဟု ဆိုရပေမည်။ နတ်ကွန်းဆောက်လုပ်ပြီး နောက်ပိုင်း၌ ချော့တော်မျက်ပြေရွာတွင် ယာဉ်မတော်တဆမှုများ အတောင်ပင်ကင်းဝေးသွားလေ၏။ ထိူ့အတူ ရွာသူရွာသားများမှလည်း မိုးစက်ဝေနတ်ကွန်းသို့ ပူဆော်ပသမှုများ ရှိလာခဲ့လေသည်။
ှုထို့ အပြင် ဆိုင်ကယ်ဘီးကြီးသမား ဘိုက်ကာလောကတွင်လည်း ပုဂံ ပုပ္ပါးလမ်းရှိ ချော့တော်မျက်ပြေရွာ ခရေပင်ကြီးအနီး၌ မကြာခဏ ဆိုင်ကယ်မှောက်လေ့ရှိကြောင်း၊ နောက်ပိုင်းတွင် ရွာမှနတ်ကွန်းဆောက်ကာ တောင်းပန်သောကြောင့် အမှောက်အပြု အတိုက်အခိုက်လျော့နည်းသွားကြောင်း . တဆင့်စကားတဆင့်နား သိရှိလာကြပြီး အနှီနတ်ကွန်းနားသို့ရောက်သည်ရှိသော် အရှိန်လျော့ခြင်း၊ ကြမ်းတမ်းသောစကားကိုမဆိုခြင်း၊ လီဗာမပုတ်ခြင်း၊ ဝင်ရောက်၍ ပန်း သစ်သီးများ တင်မြှောက်ပသခြင်း စသည့်အလေးသမှုတို့ကိုပြုကြကာ ဘေးကင်းခြင်းအဖြစ်သို့ ရောက်ရှိကြကုန်လေ၏။
အမြင့်ကြောက်သော ငှက်
ရဲရင့်သူ သည် ရွှေတောင်မြို့မျက်နှာဖုံး ဆန်စက်၊ အထည်စက်၊ ရေသန့်စက်ပိုင်ရှင် သူဌေးကြီးဦးလောဂနှင့် ဇနီးသည်ဒေါ်ခင်ခင်ကြီးတို့၏ တစ်ဦးတည်းသောသားလေးဖြစ်သည်။ ၎င်းသည် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်သဖြင့် မကွေးဆေးကျောင်းသို့ တက်ရောက်နေသည်မှာ အသက် ၂၀ တွင် တတိယနှစ်သို့ရောက်ရှိနေပြီဖြစ်၏။
ပုံမှန်အရဆိုလျှင် နောက် သုံးလေးခန့်နေမှ ကျောင်းပိတ်မည်ဖြစ်သော်လည်း မည်သို့ဖြစ်သည်မသိ၊ ရဲရင့်သူ ရွှေတောင်သို့ လွန်စွာ ပြန်ချင်နေမိလေသည်။ ကျောင်းပိတ်ရက်ကိုမစောင့်နိုင်တော့။ ထို့ကြောင့် အတန်းတက်ရက်တွေဖျက်ကာ ကားလက်မှတ်ဝယ်၍ ဆိုင်းဆင့်ဘုံမဆင့် ပြန်ခဲ့ဖြစ်လေသည်။ ဖျက်မည်စိုးသဖြင့် မိဘများကိုလည်း အသိမပေးတော့သလို၊ စပရိုက်ဘုပ်လိုသောကြောင့် ချစ်သူ မြရည်နွယ်ကိုလည်း ဖုန်းဆက်အကြောင်းမကြားတော့။
ဆယ်တန်းဖြေပြီး တစ်ပါတ်အကြာမှာပင် ရဲရင့်နှင့် မြရည်နွယ်တို့သည် မေတ္တာသက်ဝင်ကာ ချစ်သူအဆင့်သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်လေ၏။ ပြောရလျှင် ၎င်းတို့နှစ်ဦးသည် ငယ်သူငယ်ချင်းများလည်းဖြစ် ငယ်ချစ်များလည်းဖြစ်ကြလေသည်။
ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုမပြည့်အဝရှိကာ စိတ်ချယုံကြည်စိတ်ချ နိုင်ကြလေသည်။ မြရည်နွယ်က ရဲရင့်သူအားအစဉ်သဖြင့် တောင့်တနှစ်လိုချစ်ခင် သကဲ့သို့. . ရဲရင့်သူကလည်း ညိုညိုညက်ညက် မွှတ်မွှတ်ထွတ်ထွတ် သွယ်သွယ်လျှလျှ အပြစ်ဆိုစရာမလိုအောင်လှပသည့် ချစ်ရသူမြရည်နွယ်အား လွန်စွာ တန်ဖိုးထားစွဲလမ်းမြတ်နိုးလေ၏။
ထို့အပြင် ၎င်းတို့သည် ခေတ်လူငယ်များပီပီ ချစ်ခရီးလမ်းဆုံးသို့လည်း အကြိမ်ကြိမ်ရောက်ရှိခဲ့ကြပြီးဖြစ်လေရာ တစ်ယောင်အရသာတစ်ယောက်သိလျှက် မခွာရက် မခွဲရက်နိုင်အောင် ဖြစ်ခဲ့ကြရလေတော့သည်။ ယခုလည်း ရဲရင့်သူ ရွှေတောင်ရောက်ရောက်ခြင်း မိဘအိမ်သို့တန်းမပြန်ဘဲ မြရည်နွယ်အိမ်ဘက်သို့ လျှောက်ခဲ့မိလေ၏။
သူမအိမ်မှာ မြို့စွန်ကြ၍၊ ခြံဝန်းကျယ်လေသည်။ သူမ၏ မိခင်မှာ ရွှေတောင်ချည်မျှင်စက်ရုံဝန်ထမ်းဖြစ်၍ ညနေ ငါးနာရီရုံးဆင်းချိန်ကျော်မှ အိမ်သို့ပြန်ရောက်လေ့ရှိပြီး၊ သူမ၏ဖခင်မှာမူ အစိုးရဌာနတစ်ခုမှ ဦးစီးအရာရှိဖြစ်ပြီး ပြည်တွင် ရုံးတက်ထိုင်ရသဖြင့် ည ခုနှစ်နာရီ ရှစ်နာရီမှ အိမ်သို့ပြန်ရောက်ကြောင်း ရဲရင့်သူအတတ်သိပြီးဖြစ်၏။ ဤသို့ အိမ်တွင် လူကြီးတွေမရှိခိုက် ၎င်းနှင့် မြရည်နွယ် ချိန်းတွေ့ကာ လွတ်လွတ်လပ်လပ် ချစ်ပွဲဝင်နေကြပင်မဟုတ်ပါလား။
ရွှေတောင်တွင်တော့ ရဲရင့်သူက အရာရာ လွန်စွာပိုင်လေသည်။ ချစ်သူ၏ ခြံတံခါးသော့ အိမ်တံခါးသော့များပင်လျှင် ၎င်းထံ၌ သော့တူရှိ၏။ ယခုလည်း မိမိပြန်ရောက်ကြောင်း ယုတ်တရက်သိရ၍ ချစ်သူအံ့သြပျော်ရွှင်သွားစေလိုသောကြောင့် ခြံဝမှ အော်ခေါ်မနေတော့ဘဲ ခြံတံခါးဖွင့်ကာ အိမ်ဆီသို့ တိတ်တဆိတ်လျှောက်ခဲ့လိုက်လေသည်။
အိမ်ထဲသို့အရောက် ရဲရင့်သူ အိမ်တံခါးကိုအသံမထွက်အောင် ခပ်ဖြေးဖြေးပြန်စေ့လိုက်သည်။ အိမ်ဧည့်ခန်းနှင့် အောက်ထပ်တစ်ခုလုံးတွင် ချစ်သူမြရည်နွယ်ကို မတွေ့ရ။ ထမင်းစားခန်းထဲသို့ဝင်ကြည့်သောအခါ စားပွဲပေါ်တွင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရဲရင့်သူ စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားလေသည်။ ဖောက်သောက်ထားသည့် ကြက်ဥခွံနှစ်လုံး၊ ဖီးကြမ်းငှက်ပျောသီးခွံတစ်ခု၊ သွေးဆေးကဲ့သို့ မြန်မာဆေးအမှုန့်ရဲရဲများ ဖျော်သောက်ထားဟန်ရှိသည့် ဖန်ခွက်တစ်လုံး။
အနှီအစားအသောက်များနှင့် ဆေးဝါးများ မည်သည့်နေရာတွင်အသုံးပြုရခြင်းဖြစ်သည်ကို အတွေ့အကြုံရှိသော ယောက်ျားလေးတစ်ယောက်အနေဖြင့် ရဲရင့်သူ အတတ်သိ၏။ ထို့ကြောင့် စိုးရိမ်စိတ်ကြီးစွာဖြင့် မြရည်နွယ်၏ အိပ်ခန်းရှိရာ အပေါ်ထပ်သို့ ခြေသံလုံလုံတက်ခဲ့လိုက်လေတော့သည်။
" ဒုန်း ဒုန်း ဘုတ် ဘုတ်
ဟင်း အင်း . . အ အ အားး. . အ. အမေ့. .
ဘုတ် ဘုတ်. . ဂလုတ်. .
ဟင်း ဟင်း. . အားး ဟားး. . အမလေး. . အ "
လှေကားတစ်ဝက်ကျော်မှ စတင်ကာ ကြားရပါချေပြီ။ ရဲရင့်သူ စိတ်ထဲတွင် တွေးထင်စိုးရိမ်နေသည့်အတိုင်းပင်. . အသက်ရှုသံပြင်းပြင်းများနှင့် မြရည်နွယ်၏ အသံပလံများ။ ရဲရင့်သူလည်း လှေခါးကိုဆုံးအောင်တက်ပြီး လှေခါးရင်းရှိ ခပ်ဟဟပွင့်လျှက်ရှိသော မြရည်နွယ်၏ အခန်းတံခါးကို အသာ တွန်းဖွင့်ကာ အထဲသို့ ကဲကြည့်လိုက်လေသည်။
မြင်ကွင်းကမကောင်းလှ။ အိပ်ယာထက်တွင် ပက်လက်အိပ်လျှက်ရှိသော မြရည်နွယ်အား ရဲရင့်သူတို့နှင့်ကျောင်းနေဘက်. . ထမင်းသုပ်သည် ချိမ့်ညံ ဆိုသည့်ကောင်က ပေါင်နှစ်ချောင်းကိုပုခုံးနှစ်ဖက်ဖြင့် အတင်းဆွဲမက အပေါ်မှ အသားကုန်ကြုံးနေခြင်းဖြစ်လေသည်။ နှစ်ဦးစလုံးတွင် အဝတ်အစားများမရှိကြတော့သည့်အပြင် မြရည်နွယ်မှာ အောက်မှ ကော့ပျံလန် ၍ပင် နေပေသေး၏။
ရဲရင့်သူလည်း စနိုက်ကျော်သည့်ကောင်နှင့် ခြံခုန်သည့်ကောင်မတို့၏ မြောက်ဇာတ်ကို ဒီအတိုင်းဆက်ကြည့်မနေနိုင်တော့ဘဲ အခန်းတံခါးကို ဝုန်းခနဲ ကန်ဖွင့်ပြစ်လိုက် မိလေတော့သည်။
စနိုက်ကျော်ကောင် ချိမ့်ညံက သွေးမရှိ။ ရဲရင့်သူကိုမြင်သည်နှင့်
" ဟာ. . ရဲရင့်. . "
ဟု ဆိုလျှက် မြရည်နွယ်၏ ပေါင်တံနှစ်ဖက်ကို လွှတ်ချကာ ကပြာကယီထလျှက် ပုဆိုးကောက်စွပ်လေသည်။ ခြံခုန်မ မြရည်နွယ်ကလည်း
" ကို. . ကို. ."
ဟု အထိတ်လန့် ရည်ရွတ်လျှက် ထထိုင်ရန် ကြိုးစားလေ၏။ သို့သော် သူမ၏ လက်နှစ်ဖက်မှာ ကုတင်တိုင်တစ်ဖက်တစ်ချက်၌ ချည်နှောင်ခြင်းခံထားရ၍ ရုတ်တရက်မထနိုင်။
ရဲရင့်သူလည်း ၎င်းတို့နှစ်ဦး ဖြစ်ပျက်နေကြပုံများအား မျက်လုံးအစုံဖြင့် မီးဝင်းဝင်းတောက်မတတ်စူးစိုက်ကြည့်ကာ ရင်ထဲတွင် လွန်စွာပူပြင်းမက ပူပြင်း လာလေသည်။ ဒေါသစိတ်၊ မခံလိုစိတ်၊ ယူကြုံးမရစိတ် များက ရဲ့ရင့်သူအား ဝိုင်းဝန်းနှိပ်ဆက်ကြလေ၏။ ကြာလျှင် လူသတ်လိမ့်မိတော့မည်။ ထို့ကြောင့် တက်တစ်ချက်ကို
" တောက် "
ခနဲ ကျယ်လောင်စွာခေါက်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ၎င်းတို့နှင့်ဝေးရာသို့ အမြန်ထွက်လာခဲ့လိုက်မိ လေတော့၏။
အမြင့်ကြောက်သော ငှက်
ရဲရင့်သူ အိမ်သို့လည်းမပြန်ချင်၊ ကျောင်းသို့လည်း ပြန်မသွားချင်၊ ရွှေတောင်တွင်လည်းဆက်၍မနေချင်တော့။ ထို့ကြောင့် ပြည်ကားတက်စီးပြီး ကိုရာဇာ့ထံသို့ထွက်ခဲ့လိုက်လေသည်။
ကိုရာဇာဟူသည်ကား ရဲရင့်သူအဖေ ဦးဘောဂ သူငယ်ချင်း၏ သားဖြစ်ကာ ပြည်မြို့တွင် ဆိုင်ကယ်ဘီးကြီး ဝပ်ရှော့ဆြာ၊ ဝယ်ရောင်း အလုပ် တို့ဖြင့် အလုပ်ဖြစ်နေသူဖြစ်သည်။ ရဲရင့်သူကိုလည်း ညီရင်းပမာ ချစ်ခင်လေ၏။
ကိုရာဇာဆီအရောက် နှုတ်ဆက်ပြီး စိတ်ပြေလက်ပျောက်ဆိုသလို ထောင်ထားသည့်ဆိုင်ကယ်များကို ရဲရင့်သူ လျှောက်ကြည့်နေမိလေသည်။ ထိုအထဲမှ classic ဆန်ဆန် ဆိုင်ကယ်လေးတစ်စီးကို မျက်စိကျ၍ တက်ခွပြီး နှိုးကြည့်လေရာ အင်မတန် ဆွဲမက်ဖွယ်အရသာရှိကြောင်းတွေ့ရှိရ၍ စပ်စုလိုက်လေ၏။
" ကိုရာဇာ. .ဒါ ဘာဘီးခေါ်လည်းဗျ. . "
" အဲ့တာ Kawasaki W 650 ရဲရင့်ရဲ့။ အရမ်းစီးကောင်းတာ။ သူ့အင်ဂျင်ပါဝါနဲ့၊ သူ့ပုံစံ၊ သူ့အလေးချိန်နဲ့က လုံးဝကွက်တိပဲ "
ဆိုင်ကယ်ပေါ်ခွထိုင်ရင်း ရဲရင့်သူခေါင်းထဲတွင် အကြံတစ်ခုပေါ်လာသဖြင့် ဆိုင်ကယ်ကိုထောက်ဖြုတ်ကာ ဂီယာထိုးမောင်းထွက်ရန် ဟန်ပြင်လိုက်လေသည်။
" ဟေ့. .ဟေ့ကောင် ရဲရင့် ဘယ်သွားမလို့တုန်း . . "
" ဒီဆိုင်ကယ် ကောင်းတယ်မဟုတ်လား "
" ကောင်းတယ်လေ. . မနေ့ကမှ ငါ အင်ဂျင်ဝိုင်လည်း၊ ဆီရေလေမီး စစ်ထားသေးတာ. ."
" ဒါဆို ဒီဘီး ကျတော်ယူလိုက်ပြီကိုရာဇာရေး၊ အဖေ့ဆီသာ ဘီးဖိုးသွားတောင်းပေတော့၊ အဖေတို့မေးရင် ဖြေလိုက်ပါ. . ညောင်ဦးက ဦးလေးသိန်းဇော်ဆီ ကျတော် ခဏသွားနေတယ်. . လို့ "
ရဲရင့်က ကိုရာ့ဇာ့အမေးကိုပြန်ဖြေပြီး ဆိုင်ကယ်ကို မောင်းထွက်ခဲ့လိုက်လေ၏။
" ဟောင့်. .နေဦးလေ. . .မင်းအဝတ်အစား၊ ဆိုင်ကယ်ဦးထုတ်.. ##@@@&&&::: "
" ဒါပါတယ် အကို.. "
ကိုရာဇာ၏ စိုးရိမ်ဗျာပါသံများကို ရဲရင့်သူ ထွေထွေထူးထူးပြန်ဖြေမနေတော့ဘဲ၊ လက်မနှင့် လက်ညှိုးကိုသာ ဝိုင်းပြခဲ့လိုက်လေသည်။
ပလောင်ဆူနေသော နှလုံးသားအစုံအား ပြန်လည်၍ အနယ်ထိုင်အသားကျစေရန် နေရာဒေသသစ်တစ်ခုနှင့် အချိန်အတိုင်အတာတစ်ခု ၎င်းအတွက် အရေးပေါ်လိုအပ်နေပြီ မဟုတ်ပါလား။
ရဲရင့်၏ ဆိုင်ကယ် ဦးတည်ရာကား ဖခင်၏ညီအငယ်ဆုံး ဦးလေးသိန်းဇော်နေထိုင်ရာ အရိမဒ္ဒိယပူရ ခေါ် ပုဂံပြည်ဆီသို့. .. ။
ရဲရင့်သူ ပုဂံညောင်ဦးသို့မရောက်ခင် ပုပ္ပါးဝင်ကာ ရီဆော့ဟိုတယ်တွင် အနားယူတည်းခိုခဲ့လေ၏။
(မှတ်ချက်။ ။ အရင် တင်ထားပြီးဖြစ်သော
လျှို့ဝှက်သော အရုပ် ရဲ့ ဇာတ်လမ်း ထဲက
ရီဆော့ ဟိုတယ် နှင့် အတူတူပင် ဖြစ်သည်။
စာရေးသူ၏ ကျော်ငြာ ဟု မှတ်ယူကြပါကုန် )
ပုပ္ပါးတောင်၏ စိမ်းလန်းမှု၊ သာယာမှု၊ ညိမ်းအေးမှု နှင့်အတူ မျောက် ငှက် ရှဉ့် ယုန် စသည့် ချစ်စရာ့ တိရိစ္ဆာန်လေးများ၏ မြင်ကွင်းများက ရဲရင့်သူအား အတော်အတန်ပင် စိတ်တည်ငြိမ်မှုရရှိစေခဲ့လေသည်။ ပုပ္ပါး၌ နှစ်ရက်တာမျှအချိန်ဖြုန်းပြီးနောက်. .. နောက်တစ်နေ့ မနက် မွန်းမတည့်မှီ ပုဂံညောင်ဦးသို့ ရဲရင့်သူ ခရီးဆက်ခဲ့လေ၏။
ဆောင်းတွင်းဆိုသော်လည်း နွေးနားနီးလာသဖြင့် နေကအတော်အတန်ပူပြင်းလာလေသည်။ ပုပ္ပါးမှထွက်ခဲ့ပြီး နာရီဝက် ခန့်အကြာ၌ ထနောင်းပင်ကြီးတစ်ပင်အောက်တွင် ရဲရင့်သူ ဆိုင်ကယ်ကိုထိုးရပ်ကာ ဟော်တယ်မှ ယူဆောင်ခဲ့သော ရေဗူးကိုထုတ်သောက်ရန် ပြင်လိုက်လေ၏။ စိတ်ထဲမှလည်း . . နေကပူလိုက်တာ၊ ပုဂံရောက်ဖို့ကလည်း လှမ်းသေးတယ်၊ တော်သေးတာပေါ့ ဟော်တယ်က ရေဗူးနဲ့ ဟော့ဒေါ့နှစ်ချောင်းယူလာခဲ့မိလို့. . ဟုလည်း တစ်ယောက်တည်း ပြောလိုက်မိလေသည်။
ထိုအချိန်တွင် ကားလမ်းနဘေး ခြုံနှင့်ကွယ်နေသော မြေလမ်းလေးတစ်ခုမှ ရဟန်းအိုကြီးတစ်ပါး လမ်းမဘက်သို့ ခြေလျှင်ကြွလှမ်းလာသည်ကို ရဲရင့်သူ အမှတ်မထင်တွေ့မြင်လိုက်ရလေ၏။ အနှီရဟန်းကြီးမှာ အိုသော်လည်း အသားဖြူဖြူ၊ အရပ်ထောင်ထောင်မောင်းမောင်း၊ ကြည်လင်သန့်ရှင်းသော ဥပတိရုပ်ကောင်းကောင်း တို့ဖြင့် ကြည်ညိုဖွယ်ရာအဆင်းကို လွန်စွာဆောင်၍ နေလေတော့သည်။ ရဲရင့်သူလည်း ထိုရဟန်းအိုကြီးပေါ်တွင် ကြည်ညိုသဒ္ဓါစိတ်များ တဖွားဖွားဖြစ်ပေါ်လာမိလေ၏။
နာရီကိုကြည့်လိုက်သော် နေ့လည်ဆယ့်နှစ်နာရီထိုးရန် မိနှစ် ၂၀ သာလိုပေတော့သည်။ ယခုနေရာ ဘေးဘီဝဲယာမှာလည်း ရွာတန်းရွာဆက်ပြတ်လှပေ၏။ ထိုအခြေအနေကိုထောက်ရှုကာ ရဟန်းကြီးဆွမ်းဘုန်းမပေးရသေးမည်ကို ရဲရင့်သူ စိုးရိမ်လာမိလေ၏။ ထို့ကြောင့် ဆိုင်ကယ်ဦးထုတ်ချွတ်၍ ရဟန်းကြီးထံသို့ အပြေးလိုက်သွားပြီး
" ဆြာတော်ဘုရား၊ ဆြာတော်ဘုရား၊ ဆွမ်းဘုန်းပေးပြီးခဲ့ ပါပြီလားဘုရား. .. "
ဟု လက်အုပ်ချီမိုး၍ ရိုသေစွာ လျှောက်ထားလိုက်လေသည်။
" မပေးရသေးဘူး ဒကာတော်. .. "
ရဟန်းကြီး၏ ပြန်လည်မိန့်ကြားသံကို ကြားလိုက်ရသောအခါ ရဲရင့်သူလည်း ၎င်းသောက်လုမည့်ဆဲဆဲရေဘူးနှင့် ခရီးဆောင်အိတ်ထဲရှိ ဟော့ဒေါ့နှစ်ခုတို့ကို ရဟန်းကြီးအား ဆွမ်းအဖြစ်အလှူခံတော်မူပါရန် ရွှင်လန်းဝမ်းမြောက်စွာ လျှောက်ထားလိုက်လေတော့၏။
ထိုအခါ ရဟန်းကြီးက လှူဖွယ်တို့ကို ဆိုင်ကယ်ထိုင်ခုံပေါ်တွင် ခေတ္တတင်စေလျှက် ရဲရင့်သူကို ရှူးဖိနပ် ခြေအိပ် စသဖြင့်ချွတ်ဖို့ရန် မိန့်ကြားပြီးမှသာ ကျကျနန ပြန်လည်အလှူခံတော်မူလေသည်။ ထို့နောက် တမာပင်ရိပ်တစ်ခုအောက်ရှိ မြေပြောင်ပြောင်တွင် တင်ပုလ္လင်ခွေထိုင်ကာ ရဲရင့်သူလှူသော ဟော့ဒေါ့ဆွမ်းကို ခပ်မှန်မှန် ဘုန်းပေးနေလေတော့၏။
ရဲရင့်သူလည်း အလှူအတွက် ပီတိသောမနဿများ တစိမ့်စိမ့်ဖြစ်ပေါ်ရင်း ရဟန်းကြီးဘုန်းပေးပြီးသည်အထိ ခြေတော်ရင်းတွင်ထိုင်စောင့်ကာ. .. ဘုန်းပေးပြီးသောအခါမှ ခရီးဆက်ခွင့်ပြုပါရန် ရဟန်းကြီးအား တရိုတသေလျှောက်ထားလျှက် ဝတ်သုံးကြိမ်ဖြည့်ပြီး ဆိုင်ကယ်ပေါ်ပြန်တက်ခဲ့လိုက်လေတော့၏။
ရဲရင့်သူ နောက်ထပ် ဆယ့်ငါးမိနှစ်ခန့် ခရီးဆက်ခဲ့လေရာ ရွာတစ်ရွာသို့ဝင်လေသည်။ ရွာထိပ်ဆိုင်းပုဒ်၌ ချော့တော်မျက်ပြေရွာ ဟု ရေးထိုးထားလေ၏။ ရဲရင့်သူလည်း ရွာကိုဖြတ်ရသဖြင့် ဆိုင်ကယ်ကို အရှိန်အနည်းငယ်လျော့ကာ ခပ်သာသာမောင်းနှင်ခဲ့လိုက်လေသည်။
ရွာအထွက် အိမ်တန်းများကုန်ခါနီး၌ လမ်းမနဘေး သစ်ပင်ကြီးတစ်ပင်ရှေ့တွင် ဆိုင်ကယ်ဘီးကြီးများ ခြောက်စီး ခုနှစ်စီးထိုးရပ်ထားကြောင်း တွေ့ရသဖြင့် ဘရိတ်ကိုမှေး၍ အကဲခတ်လိုက်သောအခါ.. . . . ထိုသစ်ပင်ကြီးတွင် ကပ်ဆောက်ထားသည့် နတ်ကွန်းကဲ့သို့ အရာမျိုး၌ အမျိုးသားကြီးရှစ်ဦးခန့်က တစ်စုံတရာ ပူဇော်သမှုပြုနေကြောင်း ရဲရင့်သူ သိရှိလိုက်ရလေ၏။
ထိုသူများသည် နိမိတ်နမာမရှိသော အရိုးခေါင်း၊ မီးတောက် စသည့်ပုံများ၊ 1% ဟူသော စာသားများကို ရေးထိုးတွယ်ကပ်ထားသည့် လည်သာဗက်အင်္ကျီများကိုလည်း ဝတ်ဆင်ထားကြပေသေး၏။
ရဲရင့်သူလည်း ဗိုက်ကာကြီးများဖြစ်ပါလျှက် နတ်လိုလိုဘာလိုလိုကို ဝင်ရောက်ကန်တော့နေသော ထိုသူတို့အား ရယ်ချင်လှသဖြင့် တခွိခွိကျိတ်ရယ်ကာ ဆိုင်ကယ်ကို အရှိန်ပြန်တင်ပြီး ခရီးဆက်နှင်ရန် ဟန်ပြင်လိုက်လေသည်။ ထိုအချိန်တွင် မိန်းကလေးတစ်ယောက် ဆိုင်ကယ်ရှေ့မှ ရိတ်ခနဲဖတ်ပြေးလေ၏။
ရှောင်ရန်မလွတ်နိုင်တော့၊ ဆိုင်ကယ်က အရှိန်ပြန်ရစပြုနေပြီမဟုတ်ပါလား။ ရဲရင့်သူ လမ်းနဘေးသို့ ဆိုင်ကယ်ကို ဆွဲချလိုက်မိလေသည်။
သစ်ပင်ကြီးတစ်ပင်၊ ပူခနဲ ခံစားချက်တစ်ခု။
ရဲရင့်သူ လောကကြီးနှင့် အဆက်ပြတ်သွားချေပြီ။
နောက်ဆုံးအနေဖြင့် ရဲရင့်သူ တွေ့မြင်လိုက်ရသည်ကား မကြာသေးခင်ကမှ ဆွမ်းကပ်လှူခဲ့ရသည့် ရဟန်းကြီး၏ မျက်နှာတော်...
ဆက်ရန်
အမြင့်ကြောက်သော ငှက်
ကျေးဇူးတင်ပါတယ်
Comments
Post a Comment