ဆိုင်ကယ်မုန်း(1)
ဆိုင်ကယ် မုန်းသော အညာသူ ( အပိုင်း ၁ ) ( ယခုဇာတ်လမ်းသည် စိတ်ကူးယဉ်သက်သက်မျှသာဖြစ်၍ လက်တွေ့ အဖြစ်တရား အရှိတရား တို့ဖြင့် ကင်းကွာကွဲလွဲနေနိုင်သည် ဖြစ်ကြောင်း ဦးစွာအသိပေးအပ်ပါသည်။) အမြင့်ကြောက်သော ငှက် " ဘလုတ်တုတ် ဘလုတ်တုတ် ဘလုတ်တုတ် ရွီး ရွီး ရွီး ဘုတ် ဘုတ် ဘုတ် ဘုတ် ဘုတ် ဖရူး ဖရူး ဖရူး " လမ်းမပေါ်တွင် ယောက်ျားစီးဆိုင်ကယ် အကြီးအငယ်မျိုးစုံ ဆယ်စီးခန့် အရှိန်ခပ်ပြင်းပြင်း ဖြတ်သန်းမောင်းနှင်သွားလေသည်။ " လာ လာ မောင်လေး လမ်းမဘက်မထွက်နဲ့ တော်ကြာတိုက်မိသွားဦးမယ် " မိုးစက်ဝေလည်း လမ်းမနဘေးတွင်ရပ်နေသည့် မောင်ငယ်ကို စိုးရိမ်စွာ သတိလှမ်းပေးလိုက်မိလေသည်။ မောင်ငယ် ကောင်းပြည့်လေးမှာတော့ အစ်မဖြစ်သူ၏ ပြောစကားကိုနားဝင်ဟန်မရှိဘဲ ဖြတ်သန်းသွားသည့် ဆိုင်ကယ်ကြီးများကိုသာ အားကျသောအကြည့်တို့ဖြင့် မျက်စိတစ်ဆုံးလိုက်လံ ငေးမောနေလေ၏။ သူမတို့ ချော့တော်မျက်ပြေ ရွာသည် ပုဂံနှင့် ပုပ္ပါး ဆက်သွယ်ထားသည့်လမ်းမနဘေးတွင် တည်ရှိသော်လည်း အညာဒေသဖြစ်သဖြင့် အတော်အတန်ပင် ကားဆိုင်ကယ်အသွားအလာကျဲပါးလှပေ၏။ သို့သော် ယခု တစ်နှစ် နှစ်နှစ်အတွင်းတွင် မည်သို့ဖြစ်သည်မသိ၊ ယောက်ျားစီးဆိုင်ကယ်ကြီးများ အုပ်လိုက်ဆိုသလို မကြာခဏဖြတ...
Comments
Post a Comment